Logo

We open for Tele consulation now.

သွေးတိုးရောဂါ အကြောင်း သိကောင်းစရာ

သွေးတိုးရောဂါဟာ တိတ်တဆိတ်လူသတ်သမား(Silent Killer) လို့ ပြောကြပါတယ်။ ဘာလို့လဲဆိုတော့ သွေးတိုးရောဂါရှိသူတွေရဲ့ သုံးပုံတစ်ပုံခန့်ဟာ မိမိမှာ သွေးတိုးရောဂါရှိမှန်း မသိကြပါဘူး။

သွေးတိုးရောဂါ ရဲ့ ဆိုးကျိုး တွေ
• လေဖြတ်ရောဂါ (Stroke)
• နှလုံးရောဂါ (နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးကြောပိတ်ခြင်း၊ နှလုံးကြီးခြင်း)
သွေးတိုးရောဂါ ဖြစ်နိုင်တဲ့ လူတွေ
• အသက်၄၀ကျော်သူများ
• မျိုးရိုးအလိုက်သွေးတိုးရောဂါရှိသူများ
• ဆေးလိပ်၊အရက် အလွန်အကျွံသောက်သုံးသူများ
• ကိုယ်အလေးချိန်များသူများ
• စိတ်ဖိစီးမူရှိသူများနဲ့
• မကြာခဏသွေးပေါင်ချိန်တက်တတ်တဲ့ ရောဂါသူရှိသူတွေ
သွေးတိုးရောဂါရဲ့ လက္ခဏာတွေ
• ပုံမှန်အားဖြင့် သွေးတိုးရောဂါဟာ ရောဂါလက္ခဏာ သိပ်ပြလေ့မရှိပါဘူးအများစုဟာ သွေးတိုးရောဂါရဲ့ ရောဂါလက္ခဏာတွေကို ခံစားရလေ့ မရှိပါဘူး။
• ခံစားရသူအချို့မှာတော့ ခေါင်းကိုက်ခြင်း
• ဇက်ကြောတက်ခြင်း
• မူးဝေခြင်း၊အသက်ရှူမြန်လာခြင်း
• အမြင်အာရုံေ၀ဝါးလာခြင်း
နောက်ဆက်တွဲဆိုးကျိုးလက္ခဏာတွေ
• ရင်ဘတ်အောင့်ခြင်း
• နှလုံးသွေးကြောကျဉ်းခြင်း
• လေဖြတ်ခြင်း
• ဦးနှောက်သွေးကြောပိတ်ခြင်း/ပေါက်ခြင်း
• နှလုံးညစ်အားနည်းခြင်း
• မျက်နှာယောင်အမ်းလာခြင်း
• ကျောက်ကပ်ပျက်စီးခြင်း
• အမြင်ချို့ယွင်းလာခြင်း
သွေးတိုးရောဂါကို ထိန်းသိပ်ကြမယ်
• ကိုယ်အလေးချိန် ထိန်းသိမ်းပြီး အဝမလွန်အောင် နေထိုင်စားသောက်ပါ
• ပုံမှန် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ
• အသီးအနှံ ဟင်းသီးဟင်းရွက် များများစားသုံးပေးပါ
• အငန်ဓာတ်ပါသော ငါးပိ၊ငါးခြောက်၊ဟင်းချိုမှုန့်များနှင့် အဆီကို အလွန်အမင်းစာသုံးခြင်းတို့မှ ရှောင်ကျဉ်ပါ
• အရက်နှင့် ဆေးလိပ် အလွန်အကျွံသောက်သုံးခြင်းမှ ရှောင်ကျဉ်ပါ
• သွေးတိုးရောဂါရှိနေပါက သွေးပေါင်ကို ပုံမှန် စနစ်တကျစစ်ဆေးပြီးဆေးကုသမှုခံယူပေးပါ

ဒါကြောင့် မိမိမှာ သွေးတိုးရောဂါရှိလာပြီဆိုရင် ဆောင်ရန်ရှောင်ရန်များကို အဓိကထားဆင်ခြင်ပြီး နီးစပ်ရာ ကျွမ်းကျွင်ဆရာဝန်များရဲ့ လမ်းညွန်ချက်အတိုင်းပြုမူနေထိုင်းပြီး သာယာလှပသောဘဝကို ကျန်းမာခြင်းနှင့်အတူလျှောက်လမ်းလိုက်ပါ။
ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုမိုကောင်းမွန်တာကြောင့် ကြိုတင်ကာကွယ်ခြင်းနည်းလမ်းများကို ဝေမျှပေးလိုက်ပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published.

X