(၁) နှာခေါင်းနှင့် ပါးစပ် ကို ပါးစပ်နှင့်နှာခေါင်းစည်း ဖြင့် သေချာစွာဖုံးအုပ်မယ်။
(၂) အများသူငါ ဆက်ဆံတဲ့ အခါမှာလည်း ၆ ပေအကွာမှ နေပြီး ဆက်ဆံမယ်။
(၃) လက်နှစ်ဖက်ကိုလည်း ထိတွေ့ပြီးတိုင်း မကြာခဏ စက္ကန့် ၂၀ ခန့် သန့်စင်မယ်။
(၄) အပြင်မှ ပြန်ရောက်ပြီးရင်လည်း အဝတ်အစားလဲပြီး ရေချိုးသန့်စင်မယ်။
(၅) အပြင်မှ သယ်လာသော ပစ္စည်းများကိုလည်း သေချာစွာသန့်စင်မယ်။
(၆) လူစုလူဝေး လုံးဝ ရှောင်ရှားမယ်။
အိမ်ထဲမှာ နေလျှင်လည်း
(၁) ကိုယ်ခံအားကောင်းစေဖို့ အိပ်ရေးဝဝအိပ်မယ်။
(၂) ရောဂါ ကာကွယ်နိုင်အောင် ဟင်းသီးဟင်းရွက် များများစားမယ်။ အာဟာရမျှတအောင် စားသုံးမယ်။
(၃) သက်လုံကောင်းစေဖို့ ပေါ့ပါးသော လေ့ကျင့်ခန်း များ လုပ်ဆောင်မယ်။
(၄) စိတ်ဖိစီးမှု ပပျောက်အောင် မိတ်ဆွေ သူငယ်ချင်း များနှင့် ဖုန်းဖြင့်သော်လည်းကောင်း online မှ သော်လည်းကောင်း အဆက်အသွယ်ရှိပါစေ။
(၅) အပြင် ဧည့်သည်များ လာရောက်မလည်ပတ်ရန်ပြောထားမယ်။
(၆) အခက်အခဲ သည် ကိုယ် တစ်ယောက်တည်းမဟုတ် တစ်ကမ္ဘာလုံးမှ ပြည်သူအားလုံး ခံစားနေရသည်ကို အသိရှိပါစေ။
(၇) အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်စည်းကမ်းများ ကို တိကျစွာ လိုက်နာကြမယ်။
(၈) သတင်းအတု သတင်းအမှားများကင်းဝေးရန် အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာန မှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန် သော သတင်းများကို Facebook page သို့ website မှ လေ့လာ ဖတ်ရှုပါ။
အခု ရောဂါပိုးက အသက်ရှူအင်္ဂါရပ်ကို အဓိက ဖြတ်စီး နေတော့ ဆေးလိပ် အရက် မူးယစ်ဆေးတွေ လုံးဝ လုံးဝ သောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။